Association Of Myanmar Archaeologists

Myanmar Archaeology Students Blog

NEWS

ပျူနှင့်ခေတ်ပြိုင်မြို့ဟောင်းကို

မြန်မာနိုင်ငံအထက်ပိုင်းတွင်တွေ့ရှိ

ပုဂံခေတ်ထက်စောပြီး

ဗုဒ္ဓဘာသာထွန်းကားခဲ့သည်ဟု ယူဆ

မင်းထက်စံ

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ နှင့် ၂၃၀၀ ခန့် ပျူနှင့်ခေတ်ပြိုင် မြို့ဟောင်းကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာ စေတီဟောင်းရှိ အုတ်ချပ်များ အထောက်အထားအရ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသီ ဦးဘုန်းတင့်ကျော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“လွန်ခဲ့သော မတ်လ ၂၁ ရက်နေ့ကမှ သွားဖြစ်ခဲ့တယ်။ ရောက်ရောက်ချင်းမှာ အသောကမင်းကြီး တည်ခဲ့တဲ့ ဘီလူးမဟာရွှေဘုံသာ ဘုရားကြီးမှာ အရင်လေ့လာပါတယ်။ ဘုရားကြီးကိုအလှူရှင်တစ်ဦးက ရွှေတိဂုံပုံစံတူပြုပြင်လိုက်တဲ့အတွက် ရှေးဟောင်းအုတ်နည်းနည်း တွေ့လိုက်ရတယ်။ ဒါပေမယ့် စေတီပျက် ၁၇ ဆူက အုတ်တွေကို လေ့လာတဲ့အခါ ပျူခေတ်ပြိုင် စပါးခွံအုတ်တွေကို တွေ့ရပါတယ်” ဟု ၄င်းက ပြောသည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ နှင့် ၂၃၀၀ ခန့် ပျူနှင့်ခေတ်ပြိုင်မြို့ဟောင်းကို ကချင်ပြည်နယ်။ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာ စေတီဟောင်းရှိ အုတ်ချပ်များ၏ အထောက်အထားအရ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသီ ဦးဘုန်းတင့်ကျော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“လွန်ခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကမှ သွားဖြစ်ခဲ့တယ်။ ရောက်ရောက်ချင်းမှာ အသောကမင်းကြီးတည်ခဲ့တဲ့ ဘီလူးမဟာရွှေဘုံသာ ဘုရားကြီးမှာ အရင်လေ့လာပါတယ်။ ဘုရားကြီးကို အလှူရှင်တစ်ဦးက ရွှေတိဂုံပုံစံတူ ပြုပြင်လိုက်တဲ့အတွက် ရှေးဟောင်းအုတ်နည်းနည်းတွေ့လိုက်ရတယ်။ ဒါပေမယ့် စေတီပျက် ၁၇ ဆူက အုတ်တွေကို လေ့လာတဲ့အခါ ပျူခေတ်ပြိုင်စပါးခွံ အုတ်တွေကို တွေ့ရပါတယ်။” ဟု ၄င်းကပြောသည်။

ပျူခေတ်တွင် အုတ်ဖုတ်ရာ့ ရှုံ့စေးကို စပါးခွံနှင့်ရောဖုတ်လိုက်သည့်အခါ စပါးခွံသည် မီးလောင်ကျွမ်းကာ အုတ်ချပ်ပေါ်တွင် စပါးခွံပုံစံ အပေါက်ကလေးများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ယင်းအုတ်ချပ်များသည် ကနဦး ရှေးဟောင်းသုတေသနပညာရှင် အတွေ့အကြုံအရ အခြားရှေးဟောင်းစေတီများ၏ အုတ်ချပ်များနှင့် နှိုင်းယှဉ်ပါက အနော်ရထာခေတ်ထက်စောသော အုတ်ချပ်များဖြစ်ကြောင်း ယင်းအုတ်ချပ်များသည် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးတို့နှင့် ခေတ်ပြိုင် ဘီစီ ၂ ရာစုခန့် အုတ်ချပ်မျိုးဖြစ်သောကြောင့် ပုဂံခေတ် အေဒီ ၁၁၊ ၁၂ ရာစုထက်စောကာ ဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း ယူဆရသည်ဟု သိရသည်။

ဘီလူးကျေးရွာရှိ စေတီဟောင်း ၁၇ ဆူမှ အုတ်ချပ်များသည် အလျား ၁၄ လက်မမှ ၁၇ လက်မနှင့် အနံ ၇ လက်မမှ ၈ လက်မ၀န်းကျင်အုတ်များဖြစ်ပြီး အသောကခေတ်ကုန် ဗြဟ္မီအက္ခရာများ အုတ်ချပ်ပေါ်တွင် တွေ့ရှိရကြောင်း သိရသည်။

“အဲဒီအုတ်ချပ်တွေက စပါးခွံအုတ်ဖြစ်တာရယ်။ နောက်တစ်ခုက ဗုဒ္ဓရုပ်ပွားတော်တွေဟာ သရေခေတ္တရာခေတ်က သွန်းလုပ်တဲ့ ပုံစံနဲ့တူနေတယ်။ ဆင်းတုတော်တွေဟာ ခြေသလုံး၊ ခြေဖ၀ါးချင်း ကြက်ခြေခတ်ပုံစံ မဟုတ်ဘူး၊ အပြိုင်ဖြစ်နေတယ်။ သင်္ကန်းတော်က ရေစိုသင်္ကန်း၊ အတွန့်အတက်တွေမပါဘူး၊ ပြောင်ချောပုံစံ။ နို့သီးတော်။ ချက်တော်မဖုံးဘူး။ နားရွက်တော်ပခုံးမထိဘဲ တိုတယ်။ ပုဂံခေတ်အေဒီ ၁၁ ရာစုဝန်းကျင် ဗုဒ္ဓရုပ်ပွားတော်တွေဟာ ပခုံးနဲ့ ထိလုထိခင်တွေ ထိတာတွေရှိတယ်။ အခုဘီလူးရွာမှာ တွေ့ခဲ့တဲ့ ရုပ်ပွားတော်တွေဟာ ဥာဏ်တော် ၅ လက်မ၊ ၆ လက်မ၊ ၇ လက်မ ပျူခေတ် လက်ရာပုံစံမျိုးတွေ ဖြစ်နေပါတယ်” ဟု ရှေးဟောင်းသုတေသီ ဦးဘုန်းတင့်ကျော်က ပြောသည်။

ဘီလူးကျေးရွာရှိ စေတီပျက်ကုန်း ၁၇ ဆူကို တွေ့ရှိခဲ့သည့်အတွက် ရွာအဆင့်မဟုတ်ဘဲ ပျူခေတ်ပြိုင်ခေတ်တွင် မြို့အဆင့်ဖြင့် ရပ်တည်သည် ယူဆရကြောင်း၊ ၄င်းအပြင်မိုးညှင်းမြို့နယ်အတွင်းရှိ ၁၀ မိုင်ကုန်းကျေးရွာ၊ အင်းတော်ကြီးကျေးရွာတို့ရှိ အုတ်ချပ်ဟောင်းများမှာလည်း လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ နှင့် ၂၃၀၀ ကြား ဗုဒ္ဓခေတ် အသောကခေတ်ကုန် ဗြဟ္မီအက္ခရာ အမျိုးအစားများ တွေ့ရှိရကြောင်း သိရသည်။

“ဘီလူးမြို့ဆိုပြီး စိတ်ဝင်စားစရာ သမိုင်းဒဏ္ဍာရီတစ်ပုဒ် ကျန်ရှိနေတာ တွေ့ရတယ်။ ကုမ္မာရမင်းသားနဲ့ ဘီလူးမမယ်ကုဝဏ်အကြောင်း။ အဲဒီသမိုင်း ဒဏ္ဍာရီတွေကလည်း ရှေးဟောင်းခေတ်တွေကို တစ်နည်းတစ်ဖုံ ပြောပြလေ့ ရှိပါတယ်။ နောက်တစ်ခုပြောလို့ရတာက ပျူခေတ်ပြိုင်မြို့ဟောင်းမှာ ရေကန်ပါလေ့ရှိတယ်။ ဘီလူးမြို့မှာလည်း ရေကန်ပါတယ်။ ဒါကြောင့် ဘီလူးမြို့နှင့်တကွ မိုးညှင်းမြို့နယ်ဟာ ဗုဒ္ဓခေတ်၊ အသောကခေတ်မှာ ဗုဒ္ဓသာသနာ ရောက်ရှိပြီဆိုတာ ထင်ရှားပါတယ်။ ရှေးဟောင်းသုတေသနဌာနအနေဖြင့် တူးဖော်လေ့လာတဲ့ဒေသတစ်ခု ဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်ရှေးဟောင်း။ သုတေသီ   G.Y.Luce က မြန်မာနိုင်ငံအထက်ပိုင်းဒေသသို့ အေဒီ ၁၁ ရာစုက ရောက်ရှိသည်ဟုဆိုထားခြင်းမှာ ကနဦးအထောက်အထားများအရ G.Y.Luce သည် သုတေသနမပြည့်စုံမီ အဖြေထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

Popular News၊ အတွဲ-၂၊ အမှတ်-၂၁၊ ၃ ဇွန် ၂၀၁၀၊ စာ-၁

==================================

ဘွဲ့လွန် အသုံးချ ရှေးဟောင်းသုတေသနပညာ

ဒီပလိုမာသင်တန်း

ပြည်မြို့၌ နိုဝင်ဘာတွင်ဖွင့်မည်

ချယ်ရီသိန်း (မြန်မာတိုင်းမ်)

‘ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း’ ၂၀၀၉-၂၀၁၀ ကို ပြည်မြို့ ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း မှော်ဇာတွင် နိုဝင်ဘာလ ပထမပတ်မှ စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာ ကြီး ဦးသိန်းလွင်က ပြောသည်။

“ရှေးဟောင်းသုတေသန အခြေခံ ပညာရပ်တွေ၊ ရှေးဟောင်း သုတေသန ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို စာတွေ့၊ လက်တွေ့ကွင်းဆင်း လေ့လာမှုတွေနဲ့အတူ သင်ကြားပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။

သင်တန်းကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား လေးစားမြတ်နိုး ထိန်းသိမ်းစေရန်၊ ဘွဲ့ရပြီးသူများအတွက် ရှေးဟောင်း သုတေသနဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းတွင် စာတွေ့လက်တွေ့ လေ့လာသင်ယူနိုင်ရန်၊ ရှေးဟောင်း သုတေသနဆိုင်ရာ ခေတ်မီနည်းပညာ ရပ်များကို မျက်ခြည်မပြတ် လေ့လာနိုင်ရန်၊ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ပိုမို စနစ်ကျနပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ရှေးဟောင်းသုတေသနဌာနအတွက် ၀န်ထမ်းကောင်းများရရှိစေရန် စသည့် ရည်ရွယ် ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဦးသိန်းလွင်က ပြောသည်။

သင်တန်းကာလမှာ တစ်နှစ်ကြာ မြင့်မည်ဖြစ်၍ တက္ကသိုလ်ဘွဲ့ရ မည်သူမဆို လျှောက်ထားနိုင်ပြီး ဌာန ဆိုင်ရာ ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားနိုင်သည်။

ဝင်ခွင့်လျှောက်လွှာ ပုံစံများကို စက်တင်ဘာ ၂၅ ရက်နေ့မှစတင်၍ ရှေးဟောင်းသုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ နေပြည် တော်၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (တောင်ပိုင်း) ၃၂ ဒီ၊ ခြောက်မိုင်ခွဲ၊ ရန်ကုန်၊ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မြောက်ပိုင်း) ၂၇ လမ်းနှင့် ၇၁ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် ပြည်မြို့ရှိ သင်တန်း ကျောင်းတို့ တွင် ၀ယ်ယူလျှောက်ထား နိုင်ပြီး အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထား၍ လျှောက်လွှာများကို ပေးပို့ရ မည်ဖြစ်ပြီး သင်တန်းသား ၄၀ အထိသာ လက်ခံမည်ဖြစ်သည်။

ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း၍ သင်တန်းကို ၂၀၀၅ ခုနှစ်မှစတင်ဖွင့် လှစ်ခဲ့ပြီး ၂၀၀၇-၂၀၀၈ အထိ ကျောင်းသားစုစုပေါင်း ၁၂၈ ဦးတက် ရောက်ခဲ့ပြီး ၁၁၉ ဦး သင်တန်းဆင်းပြီး ဖြစ်သည်။

“ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်းကို သရေခေတ္တရာ (ပျူ) မြို့ဟောင်းတည်ရှိရာ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာထဲမှာ ဖွင့်ပေးထားတယ်။ ကျောင်းသားတွေ လက်တွေ့ ကွင်းဆင်းရင် ပိုပြီး အဆင်ပြေအောင်လို့ပါ။ မြန်မာနိုင်ငံမှာရှေးဟောင်းသမိုင်း အထောက်အထားအချက်အလက်တွေ အများကြီး ရှိနေတယ်။ ဒါတွေကို လူငယ်တွေ စနစ်တကျ လေ့လာတတ်အောင်၊ တန်ဖိုးထားပြီး ထိန်းသိမ်းတတ်စေဖို့ ရှေးဟောင်းသုတေသနပညာက အကျိုးပြုပါတယ်။ နောက်ပြီး တိမ်မြုပ် ပျောက်ကွယ်နေတဲ့ ရှေးဟောင်း အနုပညာသမိုင်း အထောက်အထားတွေကို မျက်မှောက်ခေတ်နဲ့ ဆက်စပ်ပေးတဲ့ ပညာရပ်တစ်ခုပါ”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူးချုပ် ဦးစန်းဝင်းက ပြောသည်။

ဌာနမှ အဆိုပါဒီပလိုမာသင်တန်းအပြင် ရှေးဟောင်းသုတေသနပညာ ရပ်ဆိုင်ရာ(အရာရှိ) မွမ်းမံ သုံးလ သင်တန်းကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)ကို ၂၀၀၅ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှေးဟောင်း သုတေသနနည်းပညာရပ်များ ပိုမိုတိုး တက်ကျယ်ပြန့်လာကာ ယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေဖော်ထုတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ကြောင်း ကျောင်းအုပ်ကြီး ဦးသိန်းလွင်က ပြောသည်။

http://www.myanmar.mmtimes.com/2009/news/437/n019.htm

==================================

ရခိုင်သမိုင်း သုတေသီ ပါမောက္ခ ဦးလှထွန်းဖြူ ကွယ်လွန်

8/20/2009

ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသန ပါမောက္ခဟောင်း ဦးလှထွန်းဖြူသည် ယမန်နေ့ (၁၉-၈-၂၀၀၉) နံနက် ၄ နာရီအချိန်ခန့် တွင် အသည်းရောဂါဖြင့် ရန်ကုန်မြို့ အင်းစိန် ဆေးရုံတွင် ကွယ်လွန် သွားခဲ့သည်။

ဆရာသည် မကွန်လွန်မှီ ရောဂါအများအပြားကို ခံစားခဲ့ရပြီး ထိုအထဲတွင် ကျောက်ကပ်၊ အသည်းနှင့် ပတ်သက်သော ရောဂါများလည်း ပါဝင်သည်ဟု သိရသည်။

ဆရာသည် ရခိုင်ယဉ်ကျေးမှုရေးရာများကို အထူးသုတေသနပြုခဲ့သူ တစ်ဦးဖြစ်ပြီး ဘိုးတော် ဗဒုံမင်းလက်ထက် ရခိုင်ပြည် တော်လှန်ရေး အခြေအနေကို လေ့လာ သုံးသပ် တင်ပြထားသည့် မဇ္ဈိမဒေသ အရေးတော်ပုံကျမ်းကို ရေးသား ထုတ်ဝေခဲ့သည်။

၎င်းပြင် ရခိုင်မဂ္ဂဇင်း အပါအ၀င် တခြား မဂ္ဂဇင်းအများအပြားတွင်လည်း သမိုင်းနှင့် သက်ဆိုင်သော ဆောင်းပါး အများအပြားကို ရေးသားခဲ့သည်။

ဆရာသည် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပါမောက္ခအဖြစ်လည်းကောင်း၊ ဒဂုံတက္ကသိုလ် ရှေးဟောင်း သုတေသနဌာမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာအုပ်စု ကင်းရွာ ဇာတိဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဆရာမှာ အသက် ၆၁ နှစ်ရှိပြီး ဇနီး ဒေါ်သိန်းရီ၊ သမီး မအေးမျှစံ၊ မသီရိစံနှင့် သားရဝေစိုးတို့ ကျန်ရစ်ခဲ့သည်။

ဆရာ အသုဘကို မနက်ဖြန် (သောကြာနေ့) နေ့လည် ၂ နာရီတွင် သဂြိုင်္ုလ်မည် ဖြစ်သည်။

ဆရာမိသားစုအား ၀မ်းနည်းကြောင်း စကားပြောကြားလိုသူများ အနေဖြင့် အောက်ပါဖုံးနံပတ်မှ တဆင့် ဆက်သွယ် ပြောကြားနိုင်ကြောင်း သိရှိရသည်။ ၀၀၉၅ (၁) ၆၄၅ ၁၀၁

http://www.narinjara.com/detailsbur.asp?id=2032

==================================

သတင်းဓာတ်ပုံ

ARCH-NEWPHOT-03082009-0

ARCH-NEWPHOT-03082009-1

ARCH-NEWPHOT-03082009-2

(မှတ်ချက်။    ။ Weekly Eleven Journal No.42 Vol.4 မှ ကူးယူဖော်ပြသည်။)

==================================

ကျောက်ဆည်မြို့အနောက်ဘက်ရှိ

တမုတ်မြို့ဟောင်းမှ

ပုဂံခေတ်လက်ရာစေတီတစ်ဆူကို

လွန်ခဲ့သော နှစ်ပေါင်း  (၇၀၀) ခန့်ကအတိုင်းတွေ့ရှိခဲ့

မင်းသန့်၊ ဇော်ဌေးလွင် (Weekly Eleven Journal No.42 Vol.4)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အနောက်ဘက်ငါးမိုင်ကျော်ရှိ တမုတ်မြို့ဟောင်းမှ ပုဂံခေတ်လက်ရာ စေတီတစ်ဆူကို လွန်ခဲ့သောနှစ်ပေါင်း (၇၀၀) ခန့်အခြေအနေကအတိုင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ မန္တတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာနှင့် ညောင်ပင်ဇောင်း ကျေးရွာအနီးရှိ တမုတ်မြို့ဟောင်း၊  ရှင်ပင်ရွှေဂူကြီးမြတ်စွာဘုရား၏ အုတ်ပုံကြီးကို ဖယ်ရှားရှင်းလင်းရာမှ ငုံထားသော ပုံဂံခေတ်ဂူဘုရားတစ်ဆူကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း မြန်မာဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)  ထံမှ သိရသည်။

NEWS-ARCH-03082009-01 copy

NEWS-ARCH-03082009-02 copy

တွေ့ရှိခဲ့ရသော စေတီတော်မှာ မြန်မာနိုင်ငံတွင်  တစ်ဆူတည်းသော ၅၅၀ ဇာတ်နိပါတ် သရုပ်ဖော်အင်္ဂတေစာ အပြောင်အမွှန်းအပြည့်အစုံပါရှိသည့် “ဂူပြောက်”  အမျိုးအစားဖြစ်ပြီး၊ အပြင်စေတီတော်ငုံထားသဖြင့် လွန်ခဲ့သော နှစ် (၇၀၀) ခန့်ကလက်ရာ (၈၀) ရာခိုင်နှုန်းကျော်အတိုင်းတွေ့ရှိရကြောင်း  သိရသည်။ “ပုဂံခေတ်လက်ရာတွေကို ပုဂံနဲ့ မိုင် (၂၀) ၀န်းကျင်လောက်အတွင်းရှိတဲ့ ပခုကူ၊ မြင်းခြံ၊  စလေစတဲ့ဒေသတွေမှာပဲတွေ့နိုင်ပြီး အခုစေတီတော်ကို ပုဂံနဲ့ မိုင် (၁၂၀) လောက်ဝေးတဲ့ အရပ်ဒေသမှာတွေ့ရှိခဲ့တာ။ ပုဂံမှာမရှိတဲ့ ပုဂံခေတ်လက်ရာဘုရားပါ။ အရပ်စကားအရ ပန်းလောင်မြစ်ရိုးမှာ အနော်ရထာမင်းကြီးတည်ခဲ့တဲ့ ဂူဘုရားကြီးကိုဆူထဲက တစ်ဆူအပါအ၀င်လို့ ပြောနိုင်ပါတယ်။ နောက်ပိုင်း သကရာဇ် (၇၂၀) လောက်မှာ မူလ ဘုရားကို ငုံပြီးပြန်တည်ထားတာလို့ ခန့်မှန်းရတယ်။ အခုတူးဖော်တဲ့နေရာမှာ မူလငုံထားတယ်ဆိုတာပေါ်အောင် အောက်ခြေအမြင့်သုံးပေချန်ပြီး တူးဖော်ခဲ့ပါ” ဟု ဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားခဲ့ပါသည်။

မင်းသန့်၊ ဇော်ဌေးလွင်

(မှတ်ချက်။  ။ Weekly Eleven Journal No.42 Vol.4 တွင်ဖော်ပြပါရှိခဲ့သော  “ကျောက်ဆည်မြို့အနောက်ဘက်ရှိ တမုတ်မြို့ဟောင်းမှ ပုဂံခေတ်လက်ရာစေတီတစ်ဆူကိုလွန်ခဲ့သော နှစ်ပေါင်း  (၇၀၀) ခန့်ကအတိုင်းတွေ့ရှိခဲ့” သတင်းကို ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်သည်။)

==================================

မြန်မာရှေးဟောင်းပစ္စည်း ခိုးထုတ်မှု

မြ၀တီ-မဲဆောက်တွင် အချက်အခြာကျ

အံ့ဘုန်းမြတ် ၁၅ ဇူလိုင် ၂၀၀၉

မြန်မာရှေးဟောင်းပစ္စည်းတွေ တတိယနိုင်ငံတွေကို သယ်ယူတဲ့နေရာမှာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဟာ တံခါးပေါက်လို ဖြစ်နေပြီး ပစ္စည်းတွေ သယ်ယူတဲ့နေရာမှာ အာဏာပိုင် အဖွဲ့အစည်းတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့သိရပါတယ်။

မြန်မာရှေးဟောင်းပစ္စည်းတွေကို တတိယနိုင်ငံတွေဆီ ခိုးထုတ်ရာမှာ လမ်းကြောင်းများစွာထဲကမှ ထိုင်းမြန်မာနယ်စပ် မြ၀တီ-မဲဆောက်ဟာအချက်အခြာအကျဆုံး ထွက်ပေါက်တစ်ခုလို ဖြစ်နေတာပါ။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးသားနေတဲ့ စာရေးဆရာမန်းမျိုးမြင့် ပြောပါတယ်။

“ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအောက်မှာ ထိုင်းဘက်ခြမ်း ရှေးဟောင်းပစ္စည်းရောင်းတဲ့ဆိုင်က အနည်းဆုံး ၁၀ဆိုင် လောက်ရှိတယ်။ အဲဒီမှာ မြန်မာပြည်က ရှေးဟောင်းပစ္စည်း စုံတယ်။ ရှေးဟောင်းဘုရားတို့ ဘာတို့လေ။ မဲဆောက်-မြ၀တီက နေ့ချင်းခရီးပေါက်တော့ ပိုပြီး အလုပ်ဖြစ်တယ်။ တရုတ်နယ်စပ်ထက်စာရင် လမ်းကြောင်းပိုတည့်တယ်။ ဒီဘက်က ဥရောပလမ်းကြောင်း ဖြောင့်တယ်မဟုတ်လား။”

Myanmar Antique In Maesouth

ဒီလိုရှေးဟောင်းပစ္စည်း ရောင်းဝယ်မှုတွေမှာ နှစ်နိုင်ငံ အောက်ခြေအာဏာပိုင် အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်မှု ရှိနေတယ် လိုလည်း မန်းမျိုးမြင့် ပြောပါတယ်။

“ရှေးဟောင်းပစ္စည်းရောင်းတာက ထိုင်းဘက်မှာလည်း ထိုင်းအာဏာပိုင်နဲ့ ကုန်သည်ပေါင်းရသလို။ ဗမာပြည်ဘက်မှာလည်း ဒီကေဘီအေ၊ ဒေသခံအာဏာပိုင်တွေနဲ့ ကုန်သည်တွေ ပေါင်းပြီး ခိုးထုတ်ရတာပဲလေ။ ပေ၊ ပုရပိုက်၊ ကုန်းဘောင်ခေတ်က အသုံးအဆောင် ဒုတ်တွေ၊ ဓားတွေ ၊ ပလ္လင်တွေ၊ သလွန်ညောင်စောင်းတို့ကအစ အကုန်လာတယ်။ ဘုရားတွေလည်းရှိတယ်။ တန်ဖိုးကြီးတဲ့ ဘုရားတွေကို ဆိုင်မှာတင်မရောင်းဘူး။ သပ်သပ်အိမ်မှာထားတယ်။ လက်ကြီးသမားတွေက ပစ္စည်းကို ဓာတ်ပုံ ရိုက်ပြီး ဓာတ်ပုံပဲ ယူလာတယ်။ သူ့ပစ္စည်းတွေ လိုချင်ရင် လာကြည့်လို့ရတယ်၊”

မြန်မာဘက်က ရှေးဟောင်းပစ္စည်းတွေ ထိုင်းဘက်ကို လာရောင်းတဲ့အခါမှာ ဈေးနှိမ်ဝယ်လေ့ရှိပေမယ့် နောက်တဆင့် ပြန်ရောင်းတဲ့အခါမှာ နိုင်ငံတကာ ပေါက်ဈေးတွေနဲ့ ယှဉ်ပြီး ရောင်းချလေရှိတယ်လို့လည်း မန်းမျိုးမြင့်က ပြောပါတယ်။

မြန်မာဘက်က ရောင်းတဲ့အခါမှာ ဈေးကောင်းမရပေမယ့် မြန်မာပြည်မှာ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖောက်ကားမှုကို ပြုလုပ်နေတဲ့ လူတန်းစားတရပ် ပေါ်ပေါက်နေပြီလို့ ရှေးဟောင်းသုတေသနပညာရှင်တဦးဖြစ်တဲ့ တပ္ပ၀တီ ဦးဝင်းမောင်က ပြောပါတယ်။

“ကျနော်တို့က ရှေးဟောင်းပစ္စည်း မြတ်နိုးတဲ့သူတွေဆိုတော့ အဲဒီသတင်းတွေ မပြတ်ကြားနေရတာ စိတ်မကောင်း ဖြစ်ပါတယ်။ ဘုရားဆင်းတုတွေ စပြီး ပျောက်လာတဲ့အခါမှာ ဒီဟာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ လူတစုရှိလာတဲ့ အခြေ အနေအထိ ဖြစ်လာတယ်။ အခုအချိန်က မြို့တိုင်း၊ ရပ်ကွက်တိုင်းမှာ ရှေးဟောင်းပစ္စည်း အရောင်းအ၀ယ်လုပ်တဲ့လူ တဦး မဟုတ်တဦး အမြဲတမ်းရှိနေတယ်။”

ရှေးဟောင်းပစ္စည်း ခိုးယူခံရတာတွေနဲ့ ပတ်သက်လို့လည်း တပ္ပ၀တီဦးဝင်းမောင်က အခုလိုပြောပါတယ်။

“အိမ်နီးနားချင်းနိုင်ငံက ရှေးဟောင်းပစ္စည်း အရောင်းအ၀ယ်လုပ်တဲ့ လူတွေကြောင့် ဒါမျိုးတွေဖြစ်တာပါ။ ကျနော်တွေ့ဖူးသမျှ က သူတို့ရဲ့အေးဂျင့်တွေကို ရှေးဟောင်းပစ္စည်းရနိုင်မယ့် ဒေသကိုသွားခိုင်းတယ်၊ သွားပြီးတော့ အခုခေတ်လို ဒစ်ဂျစ်တယ်လ် ကမ်မရာတလုံးဝယ်ပေးပြီးတော့ ခိုးယူလို့ရနိုင်သမျှပုံတွေကို သူတို့ဆီကို ဓာတ်ပုံပြန်ပေးရတယ်၊ ပေးပြီးတော့အဲဒီထဲကမှ ဘယ်ပုံဘယ်ပုံတော့ ဈေးဘယ်လောက်ပေးမယ်၊ ရအောင်လုပ်ပေးပါ အဲလိုအဆက်အသွယ်နဲ့ လုပ်တယ်လို့ ကြားရပါတယ်။”

ပြည်သူလူထုတွေ ရှေးဟောင်းပစ္စည်းတွေကို တန်ဖိုးမထားပဲ ဘာကြောင့် ခိုးယူ ရောင်းချ နေကြသလဲဆိုတာကို စာရေးဆရာ မန်းမျိုးမြင့်ကတော့ သူ့အမြင်ကို ဒီလိုပြောပါတယ်။

“အမှန်ဆိုရင် ကိုယ့်တိုင်းပြည် ယဉ်ကျေးမှုအမွေအနှစ်က အားလုံးထိမ်းသိမ်းရမယ့် တာဝန်ရှိတယ်လေ။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်ရဲ့ ခေတ်စနစ်ကြီးက မကောင်းတော့ လူတွေက ဘာမှကြံရာမရတော့ဘူး။ အဲဒါကြောင့်မို့ ထိန်းသိမ်းရမှန်း၊ တန်ဖိုး ထားရမှန်း ဗမာပြည်သားတွေ သိကြပါတယ်။ သူတို့လည်း ပိုပြီးတော့အရေးကြီးတဲ့ ပြဿနာကို ဖြေရှင်းရတဲ့ သဘောလို့ပဲ ကျနော်မြင်တယ်။”လို့ပြောပါတယ်။

တပ္ပ၀တီဦးဝင်းမောင်က အာဏာပိုင်တွေဘက်က အရေးယူမှုအပိုင်းတွေမှာ အားနည်းနေတယ်လို့ သူ့အမြင်ကို ရှင်းပြပါတယ်။

“ကျနော်တို့ပတ်ဝန်းကျင်မှာ ခိုးယူမှုကများပြီး ဖမ်းဆီးနိုင်မှုကနည်းနေတယ်။ အင်မတန် ရှားပါးတဲ့ပစ္စည်း တော်တော်များများ က နိုင်ငံခြားကို ရောက်ကုန်ပြီ။ နှိမ်နှင်းဖို့ဆိုတာ နိုင်ငံတော်အဆင့်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေ မထုတ်နိုင်အောင် အမျိုးသား ရေးတာဝန်တရပ်အနေနဲ့ အချိန်ပြည့်လုပ်ကိုင်နေမှ ပျောက်ကွယ်မယ်လို့ မြင်ပါတယ်၊”

၁၉၉၈ က ပြင်ဆင်ပြဌာန်းထားတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၁၈၊ ၁၉ တွေအရဆိုရင် ထောင်ဒဏ် ၇ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ငါးသောင်းချမှတ်နိုင်ပါတယ်။ လက်တွေ့မှာ ရှေးဟောင်းပစ္စည်းခိုးထုတ်မူ ဘယ်နှမှုဖြစ်တယ်၊ ဘယ်အမှုတွေမှာ ဖမ်းဆီးမိတယ်၊ ဖမ်းဆီးထားသူ ဘယ်လောက်ရှိတယ်၊ ဘယ်လိုအပြစ်ပေး အရေးယူတယ် စတာတွေကို အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ပေးတာမျိုး အခုအထိ မရှိသေးပါဘူး။

http://www.dvb.no/burmese/news.php?id=7968

သတင်းဓာတ်ပုံကို ခေတ်ပြိုင်အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြသည်။

==================================

ဗိဿနိုးမြို့ဟောင်း တူးဖော်သုတေသနပြုရာမှ

ထူးခြားဆန်းပြားသော အရိုးအိုးကြီး

ထူးခြားသော အဆောက်အအုံ ပန္နက်ပုံသဏာန်နှင့်

ပျူခေတ် လူအသုံးအဆောင်ပစ္စည်းများ တူးဖော်တွေ့ရ

ယဉ်ကျေးမှုဝှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသည် ”နိုင်ငံဂုဏ်ပြုယဉ်ကျေးမှု” ဟူသူသည့် ၀န်ကြီးဌာန၏ဆောင်ပုဒ်နှင့်အညီ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ် ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက် အောင် ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက် လျက်ရှိရာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် ပျူယဉ်ကျေးမှု အထောက်အထားသစ်များ ထပ်မံဖော် ထုတ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ ၀န်ကြီးဌာန၏လမ်းညွှန်ချက်ဖြင့် သမိုင်းသုတေသနဦးစီးဌာနမှ အဖွဲဝင်နှစ်ဦးပူးပေါင်းပါဝင်လျက် ဗိဿနိုးမြို့ ဟောင်းရှိ ရှေးဟောင်းအုတ်ကုန်းသုံးကုန်းကို အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ထပ်မံတူးဖော် သုတေသနပြုခဲ့သည်။

NEW-BTN-01မကွေးတိုင်း တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိသော ဗိဿနိုးမြို့ဟောင်းသည် မြန်မာနိုင်ငံ၏ ထင်ရှားသော ရှေးအကျဆုံး ပျူမြို့ဟောင်းတစ်ခုဖြစ်၍ ရှေးဟောင်းသုတေသနမှ အကြိမ်ကြိမ်ကွင်းဆင်းသုတေသနပြုတူးဖော်ခဲ့ရာ ပျူယဉ်ကျေးမှု အထောက် အထားများကို တွေ့ရှိခဲ့ပြီးဖြစ်သည်။

ယခုတူးဖော်ခဲ့သည့်ကုန်းများတွင် ကုန်းအမှတ်(၂၇)မှ မြေပုတီးစေ့၊ အရိုးအိုး၊ အရိုးစု၊ ကြေးစငယ်၊ သံစငယ်၊ တိရစ္ဆာန်သွား၊ အင်ကြင်းကျောက်၊ အင်္ဂတေရုပ်တု၏ ခြေထောက်အစိတ်အပိုင်း စသည့်ပစ္စည်းများကို တူးဖော်တွေ့ရှိခဲ့သည်။ တူးဖော်တွေ့ရှိသော အရိုးအိုးများတွင် အဆောက်အအုံ အတွင်း ပလ္လင်ခုံအနီးမှ တူးဖော်ရရှိသော အရိုးအိုးကြီးမှာ အမြင့် ၁၈ လက်မ၊ အချင်း ၁၀ လက်မခွဲခန့်ရှိပြီး အလှအပအဆင်တန်ဆာများနှင့် ပြုလုပ်ထားကာ အရိုးအိုးကြီး၏ အဖုံးပတ်လည်တွင် ပန်းပွင့်ပန်းချပ်များ၏သဏ္ဌာန် အရုပ်ကလေးများနှင့် လူပုံသဏ္ဌာန်အရုပ် ကလေးများဖြင့် သရုပ်ဖော်ထားသည်ကိုတွေ့ရသည်။ တစ်ဖန် အရိုးအိုး၏ ကိုယ်ထည်ပိုင်း တွင် ဖောင်းကြွကွင်းဝိုင်းငယ်ကလေးများ၊ ဖောင်းတွန့်များ စသည့် အခြယ်အလှယ်များနှင့် တန်ဆာဆင်ထား သည်ကို တွေ့ရသည်။

NEW-BTN-04အဆိုပါ အရိုးအိုး၏ ပုံသဏ္ဌာန်နှင့် အဆင်တန်ဆာတို့သည် ယခင်တွေ့ရှိခဲ့ပြီးသော အရိုးအိုးများနှင့်မတူ တစ်မူထူးခြားနေသည်။ ကုန်းအမှတ်(၂၈)ကို တူးဖော်ရာမှ ပေါ်ထွက်လာသော အဆောက် အအုံ၏ ပန္နက်ပုံသဏ္ဌာန်သည်လည်း ထူးခြားမှုတစ်ရပ်ပင်ဖြစ်သည်။ ယခင်တူးဖော်တွေ့ရှိခဲ့သော အဆောက်အအုံတို့၏ အပြင်ဘက် အုတ်ရိုးတန်းများသည် အချိုးအကွေ့မပါဘဲ တစ်ဖြောင့်တည်းသာ တည်ဆောက်ခဲ့ကြသော်လည်း ယခုတွေ့ရှိရသော အဆောက်အအုံ၏ အပြင်ဘက်အုတ်ရိုးတန်းသည် တစ်ဆစ်ချိုးအကွေ့ထည့်သွင်း တည်ဆောက်ထားခြင်းကြောင့် ထူးခြားမှုရှိသည်ဟု ဆိုနိုင်သည်။ ထိုကုန်းမှာပင် အခြယ်အလှယ်ပါ အရိုးအိုးများစွာတွေ့ရှိရပြီး ကြေးဆီမီးခွက် ၃၈ ခု၊ မြေဆီမီးခွက် ရှစ်ခုနှင့် အင်္ဂါမပြည့်စုံသော အရိုးစုတစ်ခု တို့ကိုလည်း တွေ့ရှိရသည်။

ထူးခြားမှုတရပ်

ကုန်းအမှတ်(၂၉)မှ တူးဖော်တွေ့ရှိရသော အဆောက်အအုံနှင့် ပန္နက်ခုံတို့မှာ တူးဖော်တွေ့ရှိပြီးသမျ အဆောက်အအုံများနှင့် နှိုင်းယှဉ်ကြည့်လျင် အသေးငယ်ဆုံးဖြစ်သောကြောင့် ထူးခြားမှုတစ်ရပ်ဟု ဆိုနိုင်သည်။ အထက်ပါ တူးဖော်တွေ့ရှိချက်များကို သုံးသပ်လျင် တွေ့ရှိသမျအဆောက် အအုံတိုင်းတွင် အသုံးပြုထားသော အုတ်အရွယ်အစားနှင့် ဗိသုကာပညာသည်လည်းကောင်း၊ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းအားလုံးသည် လည်းကောင်း ဗိဿနိုးပျူခေတ်၏ ယခင်တူးဖော်တွေ့ရှိမှုများနှင့် နှိုင်းယှဉ်လေ့လာရာတွင် ကောင်းစွာအထောက် အကူဖြစ်စေသော ခေတ်ပြိုင် အထောက်အထားများဖြစ်ကြပြီး ယင်းအထောက်အထားများအရ ပျူလူမျိုးတို့၏ ဆန်းသစ်သော အတွေးအခေါ်နှင့် ဗိသုကာပိုင်းဆိုင်ရာ အားထုတ်ကြိုးပမ်းမှု တို့ကိုလည်း လေ့လာတွေ့မြင်ရ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

(မှတ်ချက်။   ။ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ကြေးမုံသတင်းပါ  “ဗိဿနိုးမြို့ဟောင်း တူးဖော်သုတေသနပြုရာမှ ထူးခြားဆန်းပြားသော အရိုးအိုးကြီး ထူးခြားသောအဆောက်အအုံ ပန္နက်ပုံသဏာန်နှင့် ပျူခေတ် လူအသုံးအဆောင်ပစ္စည်းများ တူးဖော်တွေ့ရ” သတင်းဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်သည်။)

==================================

ASEAN workshop on youth,

culture underway in Myanmar

An ASEAN workshop on youth, culture and development, hosted by Myanmar, is underway in the country’s second largest city of Mandalay, the state newspaper NewLight of Myanmar reported Thursday.

The five-day regional workshop running from Wednesday to Sunday is jointly organized by Thailand-based Southeast Asian Ministers of Education Organization, Regional Center for Archaeology and Fine Arts, and ASEAN Foundation.

Dozens of youth delegates from the departments under the Myanmar Ministry of Culture, National Culture and Fine Arts Universities and some social organizations are attending the workshop, the report said.

Meanwhile, culture- and arts-related ministers of the Association of Southeast Asian Nations (ASEAN) agreed to enhance the regional cooperation in the areas of culture and arts at a meeting of ASEAN Ministers Responsible for Culture and Arts (AMCA) held in the new capital of Nay Pyi Taw in January last year.

The areas of cooperation was outlined as human resources development, protection, preservation and promotion of ASEAN cultural heritage, and development of small and medium cultural enterprises.

According to disclosure, the ASEAN ministers endorsed the work plan of the working groups set up by related ASEAN senior officials, agreeing that funding for cultural cooperation activities be streamed and broadened.

The regional ministers resolved to enhance the cultural profile of ASEAN among the member states and internationally, then report said, adding that at the AMCA+3 (China, Japan and South Korea) meeting attached, the regional ministers supported China’s proposal to expedite the drafting of an implementation plan for cultural cooperation between ASEAN and China, welcoming the prospect of a memorandum of understanding between ASEAN and South Korea to formalize cultural cooperation and Japan’s initiatives on such cooperation with ASEAN including the proposed ASEAN+3 computer graphics art gallery.

The AMCA met in Nay Pyi Taw to promote a deeper understanding of the region’s civilization, arts and culture, and was aimed at contributing towards the emergence of an ASEAN Socio-Cultural Community by 2015. The roadmap for the community called for preservation and promotion of the region’s cultural heritage and cultural identity.

ASEAN comprises Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.

Source:Xinhua

http://english.people.com.cn/90001/90777/90851/6643399.html

==================================

ASEAN officials focus on trade and

culture cooperation

Finance ministers of the ASEAN+3 (China, Japan, and the Republic of Korea) will meet in Bali, Indonesia, to discuss follow-up actions on the Chiang Mai Initiative during the 42nd Asian Development Bank (ADB) governors meeting on May 2-5.

”There will be a meeting of the ASEAN+3 finance ministers to finalise the Chiang Mai Initiative talks,” Indonesian Finance Minister, Sri Mulyani, was quoted by Antara news agencies as saying on April 22.

The meeting would discuss efforts to increase the collected funds to US$120 billion, to distribute the funds among ASEAN+3 member countries, and a mechanism in using the funds. In Bali, the ASEAN finance ministers would also hold a workshop with investors, he said.

Meanwhile, an ASEAN workshop on youth, culture and development opened in Myanmar on April 22.
The five-day regional workshop was jointly organised by Thailand-based Southeast Asian Ministers of Education Organisation, Regional Centre for Archaeology and Fine Arts, and ASEAN Foundation.

Participants in the seminar agreed to enhance the regional cooperation in the areas of culture and arts at a meeting of ASEAN Ministers Responsible for Culture and Arts (AMCA) held in the new capital of Nay Pyi Taw in January 2008.

Cooperation areas include human resources development, protection, preservation and promotion of ASEAN cultural heritage, and development of small and medium cultural enterprises.

ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, Singapore, the Philippines, Thailand and Vietnam.
VOVNews/VNA
==================================

Myanmar finds more evidences on

Bronze Age, Iron Age

YANGON, March 9 (Xinhua) — Recent excavations have found more evidences on both Bronze Age and Iron Age in Thazi township, central Mandalay division, Myanmar, proving that the country passed through both Bronze Age and Iron Age in the ancient time.

The Archaeology, Natural Museum and Libraries Department under the Ministry of Culture, in cooperation with the CNRC of France, excavated the areas around Ywagongyi village in the township for 20 days from Jan. 10 to 30, finding out the site where 44 bodies were buried along with two small bundles of bronze sheets, two iron objects, 14 stone beads of different colors, a fine stone weapon, two small earth-baked objects deemed to be round shuttles, and different earthen objects, sources with the Ministry of Culture said on Monday.

Of the fossilized bodies, two are complete sets and 20 fossils are assumed to be at middle age, 10 at early age, one at infant age and one shows over 40, the pelvis of which was badly damaged.

“The iron objects are excavated the same as that of Bronze Age and Iron Age found in Pyawbwe and Thazi townships. The two earth-baked objects are also called earth-baked beads which were excavated in large numbers especially in city states”, the sources said, adding that five of the bodies are thought to be buried inside coffins of Bronze Age and Iron Age, which were found in Pyawbwe and Yamethin townships.

According to the archaeologists, the findings indicate the existence of the late Stone Age and Iron Age in the area and they do not reveal literature, writing and religious evidences.

In June 2008, ancient artifacts on Bronze Age and Iron Age were also excavated in Kanthitgon village in the same Thazi township, proving the same transition of ages.

Foreign archaeologists once considered that in the early history, Myanmar was transferred from Stone Age into the Iron Age without flourishing of Bronze culture.

The thesis was proved wrong when many artifacts were excavated later in such regions as Nyaungkan, Myin-U Hle, Hnawkan and Kukkokha that provided evidences of bronze culture in the country which was further supported by the artifacts found in Kanthitgon village.

The 2008 archaeological research was carried out in eight different places simultaneously and among the ancient objects found in Kanthitgon village were nine complete bodies along with some incomplete sets of bodies of all ages, child, middle age and old age. The bodies were buried together with bronze and iron weapons, it said.

The artifacts of the Bronze Age found in the village also included bronze arrow heads, spears, wire bundles, cups, floral works, stone beads, bone beads, different sizes of pots and plates and iron spears, earlier official reports said.

http://news.xinhuanet.com/english/2009-03/09/content_10978540.htm

==================================

Advertisements

4 responses to “NEWS

  1. Khin Moe Moe Kyu August 19, 2008 at 2:42 pm

    I am very interesting in social archaeological articles. If i get the information or data from your website, it is good for me.

  2. Ye Htwe April 25, 2009 at 6:11 am

    I think that this site very interesting. If you have some excavation and publication news, please send some information to me. I am a Master degree holder in Archaeology but i am working at other sector, So I would like to know Archaeological activity. Thanks.

  3. John Miksic September 24, 2009 at 7:54 am

    This is a very useful site for archaeologists working on early historic Southeast Asia. I look forward to learning more from this source.

  4. Harry Hpone Thant August 2, 2010 at 9:22 am

    Would be nice if all text are in the English language. Only then we can have wider audience

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: