Association Of Myanmar Archaeologists

Myanmar Archaeology Students Blog

Category Archives: News

ပုံတောင်ဂျီးယား (Pondaungia)

သူရ (ရှေးသု)

ပုံတောင်ဂျီးယား (Pondaungia) ကို ၁၉၁၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဘူမိဗေဒဌာနမှ ဂျီဒီပီကောက်တာ (G.D.P.Cotter) က ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဖန်းကန်ကျေးရွာအနီးမှ စတင်တွေ့ရှိရသည်။ တွေ့ရှိချက်မှာ အံသွားအမှတ် (၃) ပါရှိသော ညာဘက်အောက်မေးရိုးအပိုင်းအစ၊ အံသွားအမှတ်(၂) နှင့် (၃) ပါရှိသော ဘယ်ဘက် အောက်မေးရိုးအပိုင်းအစ၊ အံသွားအမှတ်(၁) နှင့် (၂) ပါရှိသော ဘယ်ဘက်အပေါ် မေးရိုးအပိုင်းအစများကို တွေ့ရှိရသည်။ ၄င်းအထောက်အထားများကို ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် (G.E.Pilgrim) က ၁၉၂၇ခုနှစ်တွင် လေ့လာခဲ့ပြီး စာတမ်းရေးစဉ်က မျိုးစုအသစ်ဖြစ်သောကြောင့် အမည်အသစ်ပေးရာတွင် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရသော ပုံတောင်ကျောက်လွှာစုအမည်ကို အစွဲပြု၍ ပုံတောင်ဂျီးယား ကော်တာရိုင်း (Pondaungia-cotteri) ဟုအမည်ပေးခဲ့သည်။

၁၉၇၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဦးဘမော်နှင့်အဖွဲ့မှ အံသွားအမှတ် (၂) နှင့် (၃) ပါရှိသော ညာဘက်အောက်မေးရိုးအပိုင်းအစကိုလည်းကောင်း၊ ကထိက ဦးသော်တင့်နှင့်အဖွဲ့မှ ပုံတောင်ဂျီးယား အံသွားအမှတ် (၂) နှင့် (၃) ပါရှိသော ဘယ်ဘက်အောက်မေးရိုးအပိုင်းအစကို ထပ်မံရှာဖွေ တွေရှိခဲ့သည်။

၁၉၉၇ခုနှစ်၊ မတ်လ (၉) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့အထိ စစ်မဟာဗျူဟာ လေ့လာရေးရုံးမှ ဗိုလ်မှူးကြီး သန်းထွန်း ခေါင်းဆောင်သည့်အဖွဲ့နှင့် မော်လမြိုင်တက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာတင်သိန်း ဦးဆောင်သောအဖွဲ့မှ ပုလဲမြို့နယ်၊ မိုးကောင်းရွာအနီးမှ ပုံတောင်ဂျီးယားအံသွားအမှတ် (၂) နှင့် (၃) ပါရှိသော ညာဘက်အောက် မေးရိုး အပိုင်းအစကို တွေ့ရှိခဲ့သည်။

အမ်ဖီပီးသီးကပ်စ် (Amphipithecus)

အမ်ဖီပီးသီးကပ်စ်(Amphipithecus) ၁၉၂၃ခုနှစ်တွင် အမေရိကန်သဘာဝ သမိုင်းပြတိုက်မှ ဒေါက်တာဗာနမ်ဘရောင်း( Dr.jarnum jrown) က ပုလဲမြို့နယ်၊ မိုးကောင်းကျေးရွာအနီးမှ  စတင်တွေ့ ရှိခဲ့သည်။ တွေ့ရှိရသော ပရိုင်းမိတ်အထောက်အထားမှာ စွယ်သွားအမြစ်၊ အရှေ့အံသွား အမှတ်(၂)အမြစ် ၊ ရှေ့အံသွားအမှတ် (၃) (၄)နှင့် အံသွားအမှတ်(၁) တို့ပါရှိသော ဘယ်ဘက်အောက်မေးရိုးအပိုင်းအစ ဖြစ်သည်။

ဤတွေ့ရှိချက်ကို ၁၉၃၇ခုနှစ်တွင် အမေရိကန်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် (edwin.H.Colbert) ကလေ့လာခဲ့၍ အမ်ဖီပီးသီးကပ်စ် မိုးကောင်းဂျဲန်းစစ် (Amphipithecus-Mogoungenesis) ဟု အမည်ပေးခဲ့သည်။

မျိုးစုအမည်ကိုတွေ့ရသော  ပရိုင်းမိတ်အနေအထားအရ အဆင့်နိမ့် (Prosimian) မှ အဆင့်မြင့် (Simian) ကြားကာလသို့ ကူးပြောင်းသော ကြားတွင်ရှိသောကြောင့်  အမ်ဖီ (Amphi) ကြားနေလိုခြင်း ဆိုသော ဝေါဟာရကို အစွဲပြု၍ အမ်ဖီပီးသီးကပ်စ် Amphipithecus ဟုအမည်ပေးခဲ့သည်။ ၄င်းကျောက် ဖြစ်ရုပ်ကြွင်းသည် ယခုအခါ အမေရိကန်သဘာဝ သမိုင်းပြတိုက်မှာ ရှိသည်။

၁၉၇၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်ဘူမိဗေဒဌာနမှ ကထိကဦးဘမော်နှင့်အဖွဲ့မှ ပုလဲမြို့နယ်မိုးကောင်း ကျေးရွာအနီးတွင် အမ်ဖီပီးသီးကပ်စ်ပရိုင်းမိတ် Amphipithecus Primate ကိုထမ်မံတွေရှိခဲ့သည်။ ၄င်းတွေရှိချက်တွင် အံသွားအမှတ် (၁)နှင့် (၂) တို့ကိုပါရှိသော ဘယ်ဘက်အောက်မေးရိုးအပိုင်းအစ ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် ပုံတောင်ဒေသကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေရေးအဖွဲ့မှ ပုလဲမြို့နယ်၊ မိုးကောင်းကျေးရွာ အနီးတွင် Amphipithecus Primate  Gsemains ကို ထပ်မံတွေ့ ရှိသည်။ တွေ့ရှိချက်မှာ အံသွားအမှတ် (၁) နှင့် (၂) တို့ပါရှိသော ဘယ်ဘက်အောက်မေးရိုးအပိုင်းအစဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ဤအဖွဲ့မှပဲ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာအနီးမှ Amphipithecus Primate  Gsemains ကို ထပ်မံတွေ့ရှိခဲ့ရပြန်သည်။ ဤတွေ့ရှိ ရသော ပရိုင်းမိတ်ရုပ်ကြွင်းသည် ယခင်တွေ့ရှိရသော Amphipithecus Mogaungenesis နှင့် ကွဲပြားသော အချက်အချို့ရှိ၍ မျိုးစိတ်အသစ်ဖြစ်မည်ဟု ယူဆထားပါသည်။ သို့ဖြစ်၍ ဤမျိုးစိတ်အသစ်ကို  အမ်ဖီပိသေကပ်စ်ဗဟင်းနဲန်စစ် Amphipithecus  jahinensis ဟု ယာယီအမည်ပေးထားပါသည်။

၂၀၀၂ ခုနှစ် အထိ အပေါ်မေးရိုးအပိုင်းအစ Frontal ပရိုင်းမိတ် အစိတ်အပိုင်းများများပါ ထပ်မံတွေ့ရှိခဲ့သည်။

ဗဟင်းနီးယား (Jahinia)

၁၉၉၈ ခုနှစ်တွင် မြန်မာပြင်သစ်ပညာရှင်များအဖွဲ့ပါဝင်သော ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရှာဖွေရေး အဖွဲ့မှ မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီးရှိ ယာရှည်ကျစ်ချောင်မှ ပရိုင်းမိတ်မျိုးစုအသစ်၏ ရုပ်ကြွင်းများကို တွေ့ရှိ ခဲ့ရသည်။ မျိုးစုအသစ်ဖြစ်သောကြောင့် ဗဟင်းကျေးရွာကို အစွဲပြု၍ ဗဟင်းနီးယား (Jahinia) ဟု အမည်ပေးခဲ့သည်။ တွေ့ရှိချက်မှာရှေ့သွားနှင့် အံသွားများပါရှိသော အပေါ်မေးရိုးဘယ်ညာနှင့် ရှေ့အံသွားအမှတ် (၁) ပါရှိသော ညာဘက်အောက်မေးရိုးအပိုင်းအစတို့ ဖြစ်သည်။ ဤပရိုင်းမိတ် ရုပ်ကြွင်းသည် အဆင့်နိမ့် (Prosimian) အင်္ဂါရပ်များနှင့် အဆင့်မြင့် (Simian) လူတူပရိုင်းမိတ်အင်္ဂါရပ်များ ပေါင်းစပ်ပါဝင်နေသည်ကို တွေ့ရသည်။ ပရိုင်းမိတ်မျိုးစု အသစ်ကို ဗဟင်းနီးယားပုံတောင်ဂျဲန်းစစ် Jahinia  Pondaungensis ဟု အမည်ပေးထားသည်။

၂၀၀၁ ခုနှစ်တွင် မြန်မာ – ဂျပန်အဖွဲ့ပါဝင်သော ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရှာဖွေရေးအဖွဲ့မှ မြိုင်မြို့နယ်၊ ပေါက်ခေါင်းကျစ်ချောင်မှ ဗဟင်းနီးယားပရိုင်းမိတ်၏ ညာဘက်အောက်မေးရိုးအပိုင်းအစနှင့် ဘယ်ဘက်အောက်မေးရိုးအပိုင်းအစကို တွေ့ရှိခဲ့သည်။

ယင်းနှစ်မှာပင် အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်က ပြုလုပ်ခဲ့သော လူတူပရိုင်းမိတ်နှင့် ပတ်သတ်သည့် အပြည်ပြည်ဆိုင်ရာ ညီလာခံ၌ မြန်မာနိုင်ငံ ပုံတောင်ဒေသမှတွေ့ ရှိခဲသော နှစ်သန်းပေါင်း (၄၉) သန်းမှ (၃၇.၇) သန်း အထိကာလအတွင်း သက်တမ်းရှိခဲ့သည်။

ဗဟင်းနီးယားပုံတောင်ဂျဲန်းစစ် Jahinia  Pondaungensis ပရိုင်းမိတ်သည် ကမ္ဘာပေါ်တွေ့ရသော လူတူပရိုင်းမိတ်များအနက် ရှေးအကျဆုံး လူတူပရိုင်းမိတ်တွင် အပြည်စုံဆုံးဖြစ်ကြောင်း ကမ္ဘာအရပ်ရပ်တွင် ပညာရှင်များက လက်ခံအတည်ပြုကြသည်။

၂၀၀၂ ခုနှစ် နှင့် ၂၀၀၃ ခုနှစ်များတွင် ယခင်တွေ့ရှိနေကျ မေးရိုး၊ အံသွားအစိတ်ပိုင်းမျှသာမကတော့ပဲ ခြေမျက်စိရိုး၊ ခြေကျင်းဝတ်ရိုး ၊ခြေဆစ်ရိုး အစိတ်အပိုင်းများကိုပါ ထပ်မံတွေ့ရှိခဲ့သည်။

၂၀၀၈ ခုနှစ်တွင် မြိုင်မြို့နယ် ၊ပေါက်ကောင်းကျေး၇ွာ၏ အနောက်မြောက်ဘက် ပေါက်ကောင်းကျစ်ချောင် အမှတ် (၄) မှ ဗဟင်းနီးယား၏ သွားမပါ ညာဘက်အောက်မေးရိုးပိုင်းတခုကို ထမ်မံတွေရှိခဲ့သည်။

မြန်မာပီးသီးကပ် (Jyanmar  Pithecus)

၁၉၉၈  ခုနှစ်တွင် မြန်မာ-ဂျပန်ပညာရှင်များအဖွဲ့မှ မြိုင်မြို့နယ်၊ ဗဟင်း ကျေးရွာအနီး ယာရှည်ကျစ်ချောင်မှ ပရိုင်းမိတ်မျိုးစုအသစ်၏ ရုပ်ကြွင်းကို တွေ့ရှိခဲ့ရသည်။ တွေ့ရှိချက်မှ ပရိုင်းမိတ်၏ အပေါ်အောက် မေးရိုးအပိုင်းအစများနှင့် သွားအချို့တို့ဖြစ်သည်။ အဆိုပါ ပရိုင်းမိတ်ရုပ်ကြွင်းအသစ်ကို မြန်မာနိုင်ငံကို ဂုဏ်ပြုသောအားဖြင့် မြန်မာပီသီးကပ်ယာရှည်နစ် Jyanmar  Pithecus  Yarshensis ဟု အမည်ပေးထားသည်။ အဆိုပါနှစ်မှာပင် မြန်မာ-ဂျပန်ပညာရှင်များအဖွဲ့နှင့် မြန်မာ -ပြင်သစ်ပညာရှင်များ အဖွဲ့တို့သည် မြိုင်မြို့နယ်  ဗဟင်းကျေးရွာအနီး၊ ပေါက်ခေါင်းကျစ်ချောင်တို့တွင် မြန်မာပီးသီးကပ် မျိုးစုအသစ်များကို (၃)ကြိမ်ထပ်မံ တွေ့ရှိခဲ့သည်။

ပုံတောင်ကျောက်လွှာစုနှင့် ပုံတောင်ပရိုင်းမိတ်တို့၏သက်တမ်း (Dating of Pondaung Primates)

ပုံတောင်ကျောက်လွှာစုသည် လွန်ခဲ့သောနှစ် (၃၇.၂) သန်းက ဖြစ်တည်ခဲ့သော ကျောက်လွှာစုဖြစ်ပြီး ပုံတောင်ဒေသမှ တွေ့ရှိရသော နို့တိုက်သတ္တ၀ါများ၏ ရုပ်ကြွင်းကို အာရှတိုက်မြောက်ပိုင်းဒေသတချို့မှ နို့တိုက်သတ္တ၀ါရုပ်ကြွင်းများနှင့် နှိုင်းယှဉ်စပ်ဆက် လေ့လာခြင်းအားဖြင့် Encene  အလယ်နှောင်းပိုင်းကာလ သက်တမ်းတွင် အကျုံးဝင်ကြောင်း သိရပါသည်။ သို့ဖြစ်၍ ပုံတောင်ဒေသမှ ပရိုင်းမိတ်များ အပါအ၀င်အခြား သတ္တ၀ါ ရုပ်ကြွင်းများသည်လည်း လွန်ခဲ့သောနှစ်သန်း ၄၈ ခန့် (late  jiddle  eocene) ကြားတွင် အကျိုးဝင်သည်ဟု သတ်မှတ်ပါသည်။

ပုံတောင်ပရိုင်းမိတ်တို့၏ အနေအထား

လူသားမျိုးနွယ်တို့၏ ဆင့်ကဲဖြစ်စဉ်သည် လွန်ခဲ့သောနှစ်သန်း ၆၀ ခန့်က ပရိုင်းမိတ်တို့၏ ရှေ့ပြေးသတ္တ၀ါများ စတင်ပေါ်ပေါက်လာခဲ့သည်။ လွန်ခဲ့သော နှစ်သန်း (၄၀) ခန့်တွင် Eocene အလယ်ပိုင်းသက်တမ်း အချိန်ကပင် ပုံတောင်ပရိုင်းမိတ် (Pondaung Primates) များပေါ်ထွန်းခဲ့သည်။ လွန်ခဲ့သောနှစ် (၃) သန်းခန့်တွင် Oligocene သက်တမ်း အချိန်ခန့်တွင် အီဂျစ်နိုင်ငံ Fayun ဒေသမှ လူတူပရိုင်းမိတ်များအဖြစ် တိုးတက်ပြောင်းလဲ ပေါ်ပေါက်လာခဲ့သည်။ jiocene ကာလ လွန်ခဲ့သည့် နှစ်သန်း (၂၀) အချိန်ခန့်တွင် Fayun ခေါ် လူတူပရိုင်းမိတ်များအဖြစ် ထပ်ဆင့်ပြောင်းလဲ တိုးတက်လာခဲ့သည်။ လွန်ခဲ့သည့်နှစ် (၅) သန်းခန့် Pliocene ကာလက အချိန်တွင် Austrolopithecus ခေါ် အဆင့်မြင့် လူတူပရိုင်းမိတ် မျိုးနွယ်များအဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ Austrolopithecus မှ လွန်ခဲ့သောအနှစ် (၂) သန်းခွဲခန့်တွင် ဟိုမိုဟားဘီးလီစ် Homohabilis  ပထမဦးဆုံးလူသားများ အဖြစ်သို့ပြောင်းလဲ ဖြစ်ပေါ်လာကြသည်။

အခြားနှိုင်းယှဉ်သောပရိုင်းမိတ်များ

Tsailekia Primates (Simian) (37) oef; (hpper  jiddle  eocene) Thailand

Siamopithecas Primates (Simian) (37)oef; (hpper  jiddle  eocene) Thailand

eosimias Primates (Simian) (40)oef; ( jiddle  eocene) China

Fay un Primates (Simian) (37) – (33)oef; (hpper   eocene) egypt

သူရ (ရှေးသု)
(မူရင်း ဖော်ပြသူ http://www.aomar.co.cc နှင့် http://www.ahuntphonemyat.co.cc တို့အား ညွှန်းဆို၍

Advertisements

ပုဂံရှေးဟောင်းသုတေသန ပြတိုက်

သူရ (ရှေးသု)

မြန်မာနိုင်ငံတွင် ကမ္ပည်းကျောက်စာဌာန ဖွင့်လှစ်ပြီးနောက် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ပုဂံဒေသပတ်ဝန်းကျင်ရှိ ရှေးဟောင်းစေတီ၊ ဂူ၊ ကျောင်းများမှ ရရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ၀တ္ထုပစ္စည်းများနှင့် ကျောက်စာများကိုပြသရန် အာနန္ဒာဘုရား မြောက်ဘက်တွင် ပြတိုက်တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် ပြတိုက်ဖွင့်လှစ်ခဲ့သည်။

နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ပြတိုက်၌ ရှေးဟောင်းပစ္စည်းများ တဖြည်းဖြည်း ထပ်မံစုဆောင်းရရှိလာရာ လက်ရှိပြတိုက်တွင် ရှေးဟောင်းကမ္ပည်းကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကို ပြသရန်နေရာ မလုံလောက်တော့ပေ။ ထို့ကြောင့် ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက်  (၈.၁၆) ဧက (၃.၃-ဟက်တာ) ကျယ်ဝန်းသော မြေနေရာတွင် ရှစ်မြှောင့်သဏ္ဌာန် ပြတိုက်တစ်ခုနှင့် ထုထည်ကြီးမားသော ရှေးဟောင်းကျောက်စာများ၊ ကျောက်ဆစ်လက်ရာများ ၊ ကျောက်ဖြစ် ရုပ်ကြွင်းများကို ပြသရန်နှင့် ပုဂံမြို့ဟောင်းနှင့် ဝေးကွာသောဂူဘုရားများအတွင်းမှ မူလကျောက်ဗုဒ္ဓ ဆင်းတုတော်များကို အများပြည်သူများ တစ်စုတစ်ဝေးတည်းကြည့်ရှု လေ့လာနိုင်ရန်အတွက် သစ်သားအဆောင်ကြီး သုံးဆောင် (ရှေးဟောင်း သုတေသန ပြတိုက်အဟောင်း၏ အရှေ့ဘက်တွင်) တည်ဆောက်ကာ  ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယအကြိမ်ပြတိုက်အသစ်ကြီးကို ဖွင့်လှစ်၍ ပြောင်းရွေ့ပြသထားသည်။

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ပုဂံဒေသသို့ လာရောက် ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခြင်းကြောင့် စုဆောင်းရရှိထားသော ပြတိုက်ပစ္စည်းများကို ကျယ်ကျယ်ဝန်းဝန်းနှင့် ခန့်ခန့် ထည်ထည် ခင်းကျင်း ပြသနိုင်ရန် ပြတိုက်အသစ်ထပ်မံတည်ဆောက်ရန် လိုအပ်လာပါသည်။ ထို့ကြောင့် ၁၉၉၅ ခုနှစ်တွင် ရှစ်မြှောင့်သဏ္ဌာန် ပြတိုက်ကို ချန်လှပ်၍ ကျန်အဆောက်အအုံများ ကိုဖျက်သိမ်းကာ မြေဧက (၁၀.၉၇) ဧက အကျယ်အ၀န်းရှိသော မြေကွက်ပေါ်တွင် ခံ့ညားထည်ဝါသည့် ကမ္ဘာအဆင့်မီ လေးထပ်အဆောက် အဦ ပြတိုက်သစ်ကြီးကို ထပ်မံဆောက်လုပ်ခဲ့သည်။ ယနေ့တွေ့ မြင်ရသည့် ပုဂံ ရှေးဟောင်း သုတေသန ပြတိုက်သစ်ကြီးကို ၁၉၉၈ ခုနှစ်၊ ဧပြီလ၊(၁၇)ရက်နေ့တွင် ဖွင့်လှစ် ပြသခဲ့သည်။ ပြတိုက်အားနေ့စဉ် နံနက် (၉း၀၀) နာရီမှ ညနေ (၄း၃၀) နာရီအထိ ဖွင့်လှစ်ထားပါသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သစ်ကြီးအား ခိုနန်းချိုးသုံးထပ်ပန္နက်ပုံဖြင့် တည်ဆောက်ထားသည်။ ပြတိုက်ကြီး၏ အပြင်ဘက်နှင့် အတွင်းပိုင်းတို့တွင် မြန်မာမှုလက်ရာ ပုဂံခေတ်ဟန် အင်္ဂတေပန်းများ၊ သစ်ထွင်းပန်းပု ကနုတ်ပန်းလက်ရာများ၊ ရွှေဇ၀ါယွန်းပန်းချီလက်ရာများဖြင့် တင့်တယ်လှပစွာ တန်ဆာဆင် ထားသည်။ ပြတိုက်ကြီး၏ မြေအောက်ခန်းတွင် ဓာတ်ခွဲခန်းတစ်ခန်း၊ ပစ္စည်းသိုလှောင်ခန်းနှင့် လုံခြုံရေးခန်းများပါရှိသည်။ မြေညီထပ်တွင် ပြခန်း (၆) ခန်းနှင့် ပထမထပ်တွင် ပြခန်း (၅) ခန်း တို့ဖြင့် ခင်းကျင်းပြသထားသည်။ အပေါ်ဆုံးထပ်မှာ ပုဂံစေတီ၊ပုထိုးများကို ပြတိုက်ပေါ်မှ လေ့လာကြည့်ရှု၊ ဖူးမျှော်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

မြေညီထပ်တွင်

၁။    အထူးပြခန်း (သို့မဟုတ်) ပင်မပြခန်းဆောင်        1.        Main Hall

၂။    ပုဂံနန်းမြို့ပြခန်း                    2.        Display Room of Bagan Palace

၃။    ပုဂံခေတ် စာပေပြခန်း                3.        Show Room of Bagan Period                                         Literatures

၎။    ပုဂံခေတ် လူနေမှုဘ၀ပြခန်း                4.        Display Room for Social Life       of                                     Bagan Period

၅။    ပုဂံခေတ် ဗိသုကာလက်ရာပြခန်း            5.        Show Room of Bagan Period                                         Architecture

၆။    ပုဂံခေတ် လက်မှုအနုပညာပြခန်း            6.        Show Room of Bagan Period Arts                                      and Crafts

ဟူ၍ ပြခန်း (၆) ခန်း တို့ဖြင့် ဖွဲ့စည်းပြသထားသည်။

ပထမထပ်တွင်
၁။    ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်း            1.        Show Room of Bagan Period Buddha Images
၂။    ပုဂံခေတ် ဗုဒ္ဓအနုပညာပြခန်း                        2.        Show Room of Bagan Period  Buddha Art
၃။    ပုဂံခေတ် ဘုရားပုထိုး ပန်းချီပြခန်း                3.        Art Gallery of Bagan Period Ancient Monuments
၎။    ပုဂံခေတ် နံရံဆေးရေးပန်းချီပြခန်း                4.        Art Gallery of Bagan Period Mural  Paintings
၅။    နိုင်ငံတော်ဦးတည်ချက် (၁၂) ရပ်နှင့်            5.        Twelve National Objectives and                       တိုင်းကျိုး    ပြည်ပြုပြခန်း                    Nation – Building Endeavours  Show                                     Room
ဟူ၍ ပြခန်း(၅)ခန်းဖြင့် ဖွဲ့စည်းခင်းကျင်းပြသထားပါသည်။

ပင်မပြခန်းဆောင်တွင် ဗုဒ္ဓ၀င်ရှစ်ခန်း သရုပ်ဖော် ကျောက်ဆစ်လက်ရာများ၊ အနော်ရထာမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းနှင့် ကျစွာမင်းတို့၏ ကြေးရုပ်တု (၄) ရုပ်နှင့် ကျန်စစ်သားမင်း အတ္ထုပတ္တိ ကျောက်စာ (ပလာစတာပုံတူ) တို့ကိုပြသထားသည်။

ပုဂံနန်းမြို့ ပြခန်းတွင် ပုဂံခေတ်၊ ပဉ္စပါဿာဒနန်းတော်နှင့် သက်ဆိုင်သော အဓိကပြကွက်အပြင်၊ ခေတ်အဆက်ဆက်မှ နန်းတော်အဆောင်များ ပန္နက်ပုံ ရှင်းလင်းချက်၊ ကျန်စစ်သားမင်းကြီး၏ ပလာစတာ ရုပ်တုပုံ၊ ပျူရွာ (၁၉) ရွာပြ မြေပုံ၊ ရေနံ့သာကင်းတပ်မြို့ဟောင်းပုံစံငယ်၊ ပုဂံခေတ်စစ်လက်နက်များနှင့် ပုဂံခေတ်ပန်းပဲ လုပ်ငန်းတို့ကို ပြသထားသည်။

ပုဂံခေတ် စာပေပြခန်းတွင် မြန်မာစာပေသမိုင်းတွင် အရေးအကြီးဆုံး အခန်းမှပါဝင်သော ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ လေးဘာသာဖြင့် ရေးထိုးထားသည့် ရာဇကုမာရ်ကျောက်စာ မူရင်းကို အဓိကထား၍ ပြသထားပြီး မြန်မာစာပေ ပြောင်းလဲလာပုံ ဇယားနှင့်တကွ ပုဂံခေတ်ထိုးကျောက်စာ၊ နံရံမင်စာ၊ အုတ်ခွက်စာ၊ ခဲပြားစာ၊ ပေစာ၊ သစ်ပြားစာ၊ မြေတံဆိပ်များကို ပြသထားသည်။

ပုဂံခေတ် လူနေမှုဘ၀ပြခန်းတွင် အေဒီ (၁၁) ရာစု၊ ပုဂံခေတ်သီရိပစ္စယာရွာပြကွက်၊ ပုဂံခေတ် ယွန်းလုပ်ငန်း၊ ပုဂံခေတ် လယ်ယာလုပ်ငန်း၊ ပုဂံခေတ် ထန်းလျက်ချက်လုပ်ငန်း၊ ပုဂံခေတ် ယာဂုပွဲနှင့် ပုဂံခေတ်က ကင်းတားဆည် တည်ဆောက်နေပုံများကို ပြသထားသည်။ အေဒီ (၁၁)ရာစု၊ ပုဂံခေတ် သီရိပစ္စယာရွာ ပြကွက်တွင် ပုဂံခေတ်၏ တစ်နေ့တာ လှုပ်ရှားမှုကို အသံစနစ်ဖြင့် သရုပ်ဖော် ပြသထားသည်။

ပုဂံခေတ် ဗိသုကာပြခန်းတွင် ပုဂံဒေသတ၀ိုက် (၁၉) စတုရန်းမိုင်ပတ်လည် ဧရိယာအတွင်းရှိ စေတီပုထိုးများပြ မြေပုံ၊ ဗိသုကာလက်ရာ ထူးခြားထင်ရှားသော စေတီပုထိုးများ၊ ဂင်းပိတ်စေတီအမျိုးအစားဝင် စေတီ (၄) မျိုးနှင့် လိုဏ်ပေါက်စေတီအမျိုးအစားဝင် စေတီ (၁၅) မျိုး၊ ပေါင်းကူး (၇) မျိုးတို့ကို ပုံစံငယ်များဖြင့် ခင်းကျင်းပြသထားသည်။

ပုဂံခေတ် လက်မှုအနုပညာပြခန်းတွင် ပုဂံခေတ်က လက်မှုပညာရှင်များ၏ ဘာသာရေးအပေါ် အခြေခံကာ ပြုလုပ်ခဲ့သော အင်္ဂတေပန်းများ၊ ကျောက်ဆစ်လက်ရာများ၊ ပန်းပုလက်ရာများ၊ မြေထည် ပစ္စည်းများ၊ ငွေထည်ပစ္စည်းများ၊ စဥ့်ထည်ပစ္စည်းများ၊ ကြေးထည်ပစ္စည်းများ၊ နံရံပန်းချီများ၊ အဆင် တန်ဆာများနှင့် ကျောက်ဖြစ်ရုပ်ြွကင်းများကို ပြသထားသည်။

ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်းတွင် အေဒီ (၁၁) ရာစုမှ (၁၉) ရာစုအထိ ခေတ်အလိုက် ကွဲပြားခြားနားစွာ ထုလုပ်ခဲ့သောဆင်းတုတော်များကို ပလ္လင်တံကဲ နောက်ခံ၍ ပူဇော်ပြသထားသည်။ ဆင်းတုတော်များတွင် ထုလုပ်လေ့ရှိသော မုဒြာဟန်ရှင်းလင်းချက်များ၊ သိဒ္ဓတဘုရားလောင်း ဗျာဒိတ်ခံ ဆင်းတုများ ကိုပြသထားသည်။

ပုဂံခေတ် ဗုဒ္ဓအနုပညာပြခန်းတွင် ပဉ္စလောဟာဗုဒ္ဓဆင်းတုတော်၊ ဗုဒ္ဓ၀င်ရှစ်ခန်းပါ အန္ဓဂူကျောက်ချပ်၊ ကြေးကြာဖူး၊ ရွှေဖောင်းကြွဆင်းတု၊ သစ်သားဆင်းတု၊ မြေဆင်းတု၊ အုတ်ခွက်ဘုရားများ၊ ရွှေပေလွှာနှင့် သဲကျောက်ဗိုက်ပူရဟန္တာစသော ဆင်းတုများကို ပြသထားသည်။ ထို့ပြင် ဗုဒ္ဓဖြစ်စဉ် ဇာတ်တော်များ ရေးဆွဲထားသော ပုဂံခေတ်ကာလအ၀တ်ပန်းချီကိုလည်း ပြသထားပါသည်။ ယင်းပုဂံခေတ် အ၀တ်ပန်းချီများကို  ကြည့်ရှုလေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော အေဒီ ၁၁ ရာစုပုဂံခေတ် ကတည်းက အ၀တ်အထည်တွင် ပန်းချီရေးဆွဲလေ့ရှိကြောင်းကို လည်းလေ့လာသိရနိုင်သည်။

ပုဂံခေတ် ဘုရားပုထိုးပန်းချီပြခန်းတွင် မြန်မာနိုင်ငံရှိ ထင်ရှားသော ပန်းချီဆရာကြီးများ၏ ပုဂံဒေသတ၀ိုက်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်း စသည့် အဆောက်အအုံများကို ဆီဆေးဖြင့်ရေးဆွဲ ထားသော ပန်းချီကားများနှင့် ပဉ္စလောဟာဗုဒ္ဓဆင်းတုတော်၊ ရွှေဆင်းတု၊ ငွေဆင်းတု တို့ကိုအပူဇော်ခံ ပြသထားသည်။

ပုဂံခေတ် နံရံဆေးရေးပန်းချီပြခန်းတွင် အကြောင်းအရာအလိုက် ဗုဒ္ဓ၀င်ခန်းများ၊ ငါးရာ့ ငါးဆယ်ဇာတ်တော်များ၊ မဟာယာနနှင့် တန္တရပန်းချီများ၊ နတ်ရုပ်၊ ဗြဟ္မာရုပ်များ၊ ပုဂံခေတ်လူတို့၏ပုံများ၊ ပုဂံခေတ်အတီးအမှုတ်၊ အကအခုန်ပုံများ၊ ပုဂံခေတ် ကနုတ်ပန်းများနှင့် တိရစာန်ပုံများကို ပုဂံခေတ် နံရံပန်းချီများမှ ပုံတူကူးရေးဆွဲတင်ပြထားပါသည်။

နိုင်ငံတော်ဦးတည်ချက် (၁၂) ရပ်နှင့် တိုင်းကျိုးပြည်ပြု ပြခန်းတွင်နိုင်ငံတော်ဦးတည်ချက် (၁၂) ရပ်၊ မူဝါဒ လမ်းစဉ် (ရ) ရပ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဆည်မြောင်း၊ တာတမံများ၊ လမ်းနှင့်တံတားများ တိုးတက်မှုပြဇယားများကို ပြသထားသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ပြခန်းပေါင်း (၁၁) ခန်းဖြင့် ပုဂံခေတ်၏ ပုံရိပ်များကို ထင်ဟပ်ပေါ်လွင်အောင် ပြသထားသော မြန်မာ့ကျက်သရေဆောင် ပြတိုက်ကြီးဖြစ်ပေသည်။

သူရ (ရှေးသု)
(မူရင်း ဖော်ပြသူ http://www.aomar.co.cc နှင့် http://www.ahuntphonemyat.co.cc တို့အား ညွှန်းဆို၍ ကူးယူဖော်ပြနိုင်ပါသည်။)

Salay Yokesone Kyaung

During the Bagan Late Bagan era, specifically the late 12th and 13th centuries, Salay developed as the expanding spiral of Bagan’s influence moved southward along the Ayeyarwady River. Today’s Salay is much more of a religious centre than Bagan, with many more working monasteries than found in Bagan today. Among the Myanmar it’s most famous as the historic home of Salay U Ponya, a Yadanabon-era writer/poet whose works are read by high school and college students all over the country. A trip to Salay is warranted for anyone who develops a passion for Bagan style architecture.

YOKESONE KYAUNG

Yokesone kyaung lies on the other side of the main road from Kyauk Padaung. The hall sports a new corrugated metal roof to protect the carved wooden structures below from rain or stray sparks from cooking fires. Only two sides of the 23-meter-long hall actually bear the original 120-year-old sculptures, which include nearly three-dimensional carvings of 19th century court life, jatakas (stories from the Buddha’s life) and other tales. Some panels are missing and there are some newer wood carvings mixed in with the old, but those that remain are lovingly cared for by the monks and caretakers, who apply oil regularly to prevent cracking.

This slideshow requires JavaScript.

Salay is about 120km from Bagan to the south. Kyauk Padaung and Chauk are the towns on the way to Salay from Bagan. It is a day-trip from Bagan.