သူရ (ရှေးသု)
ပုံတောင်ဂျီးယား (Pondaungia) ကို ၁၉၁၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဘူမိဗေဒဌာနမှ ဂျီဒီပီကောက်တာ (G.D.P.Cotter) က ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဖန်းကန်ကျေးရွာအနီးမှ စတင်တွေ့ရှိရသည်။ တွေ့ရှိချက်မှာ အံသွားအမှတ် (၃) ပါရှိသော ညာဘက်အောက်မေးရိုးအပိုင်းအစ၊ အံသွားအမှတ်(၂) နှင့် (၃) ပါရှိသော ဘယ်ဘက် အောက်မေးရိုးအပိုင်းအစ၊ အံသွားအမှတ်(၁) နှင့် (၂) ပါရှိသော ဘယ်ဘက်အပေါ် မေးရိုးအပိုင်းအစများကို တွေ့ရှိရသည်။ ၄င်းအထောက်အထားများကို ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် (G.E.Pilgrim) က ၁၉၂၇ခုနှစ်တွင် လေ့လာခဲ့ပြီး စာတမ်းရေးစဉ်က မျိုးစုအသစ်ဖြစ်သောကြောင့် အမည်အသစ်ပေးရာတွင် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရသော ပုံတောင်ကျောက်လွှာစုအမည်ကို အစွဲပြု၍ ပုံတောင်ဂျီးယား ကော်တာရိုင်း (Pondaungia-cotteri) ဟုအမည်ပေးခဲ့သည်။
၁၉၇၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဦးဘမော်နှင့်အဖွဲ့မှ အံသွားအမှတ် (၂) နှင့် (၃) ပါရှိသော ညာဘက်အောက်မေးရိုးအပိုင်းအစကိုလည်းကောင်း၊ ကထိက ဦးသော်တင့်နှင့်အဖွဲ့မှ ပုံတောင်ဂျီးယား အံသွားအမှတ် (၂) နှင့် (၃) ပါရှိသော ဘယ်ဘက်အောက်မေးရိုးအပိုင်းအစကို ထပ်မံရှာဖွေ တွေရှိခဲ့သည်။
၁၉၉၇ခုနှစ်၊ မတ်လ (၉) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့အထိ စစ်မဟာဗျူဟာ လေ့လာရေးရုံးမှ ဗိုလ်မှူးကြီး သန်းထွန်း ခေါင်းဆောင်သည့်အဖွဲ့နှင့် မော်လမြိုင်တက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာတင်သိန်း ဦးဆောင်သောအဖွဲ့မှ ပုလဲမြို့နယ်၊ မိုးကောင်းရွာအနီးမှ ပုံတောင်ဂျီးယားအံသွားအမှတ် (၂) နှင့် (၃) ပါရှိသော ညာဘက်အောက် မေးရိုး အပိုင်းအစကို တွေ့ရှိခဲ့သည်။
အမ်ဖီပီးသီးကပ်စ် (Amphipithecus)
အမ်ဖီပီးသီးကပ်စ်(Amphipithecus) ၁၉၂၃ခုနှစ်တွင် အမေရိကန်သဘာဝ သမိုင်းပြတိုက်မှ ဒေါက်တာဗာနမ်ဘရောင်း( Dr.jarnum jrown) က ပုလဲမြို့နယ်၊ မိုးကောင်းကျေးရွာအနီးမှ စတင်တွေ့ ရှိခဲ့သည်။ တွေ့ရှိရသော ပရိုင်းမိတ်အထောက်အထားမှာ စွယ်သွားအမြစ်၊ အရှေ့အံသွား အမှတ်(၂)အမြစ် ၊ ရှေ့အံသွားအမှတ် (၃) (၄)နှင့် အံသွားအမှတ်(၁) တို့ပါရှိသော ဘယ်ဘက်အောက်မေးရိုးအပိုင်းအစ ဖြစ်သည်။
ဤတွေ့ရှိချက်ကို ၁၉၃၇ခုနှစ်တွင် အမေရိကန်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် (edwin.H.Colbert) ကလေ့လာခဲ့၍ အမ်ဖီပီးသီးကပ်စ် မိုးကောင်းဂျဲန်းစစ် (Amphipithecus-Mogoungenesis) ဟု အမည်ပေးခဲ့သည်။
မျိုးစုအမည်ကိုတွေ့ရသော ပရိုင်းမိတ်အနေအထားအရ အဆင့်နိမ့် (Prosimian) မှ အဆင့်မြင့် (Simian) ကြားကာလသို့ ကူးပြောင်းသော ကြားတွင်ရှိသောကြောင့် အမ်ဖီ (Amphi) ကြားနေလိုခြင်း ဆိုသော ဝေါဟာရကို အစွဲပြု၍ အမ်ဖီပီးသီးကပ်စ် Amphipithecus ဟုအမည်ပေးခဲ့သည်။ ၄င်းကျောက် ဖြစ်ရုပ်ကြွင်းသည် ယခုအခါ အမေရိကန်သဘာဝ သမိုင်းပြတိုက်မှာ ရှိသည်။
၁၉၇၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်ဘူမိဗေဒဌာနမှ ကထိကဦးဘမော်နှင့်အဖွဲ့မှ ပုလဲမြို့နယ်မိုးကောင်း ကျေးရွာအနီးတွင် အမ်ဖီပီးသီးကပ်စ်ပရိုင်းမိတ် Amphipithecus Primate ကိုထမ်မံတွေရှိခဲ့သည်။ ၄င်းတွေရှိချက်တွင် အံသွားအမှတ် (၁)နှင့် (၂) တို့ကိုပါရှိသော ဘယ်ဘက်အောက်မေးရိုးအပိုင်းအစ ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် ပုံတောင်ဒေသကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေရေးအဖွဲ့မှ ပုလဲမြို့နယ်၊ မိုးကောင်းကျေးရွာ အနီးတွင် Amphipithecus Primate Gsemains ကို ထပ်မံတွေ့ ရှိသည်။ တွေ့ရှိချက်မှာ အံသွားအမှတ် (၁) နှင့် (၂) တို့ပါရှိသော ဘယ်ဘက်အောက်မေးရိုးအပိုင်းအစဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ဤအဖွဲ့မှပဲ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာအနီးမှ Amphipithecus Primate Gsemains ကို ထပ်မံတွေ့ရှိခဲ့ရပြန်သည်။ ဤတွေ့ရှိ ရသော ပရိုင်းမိတ်ရုပ်ကြွင်းသည် ယခင်တွေ့ရှိရသော Amphipithecus Mogaungenesis နှင့် ကွဲပြားသော အချက်အချို့ရှိ၍ မျိုးစိတ်အသစ်ဖြစ်မည်ဟု ယူဆထားပါသည်။ သို့ဖြစ်၍ ဤမျိုးစိတ်အသစ်ကို အမ်ဖီပိသေကပ်စ်ဗဟင်းနဲန်စစ် Amphipithecus jahinensis ဟု ယာယီအမည်ပေးထားပါသည်။
၂၀၀၂ ခုနှစ် အထိ အပေါ်မေးရိုးအပိုင်းအစ Frontal ပရိုင်းမိတ် အစိတ်အပိုင်းများများပါ ထပ်မံတွေ့ရှိခဲ့သည်။
ဗဟင်းနီးယား (Jahinia)
၁၉၉၈ ခုနှစ်တွင် မြန်မာပြင်သစ်ပညာရှင်များအဖွဲ့ပါဝင်သော ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရှာဖွေရေး အဖွဲ့မှ မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီးရှိ ယာရှည်ကျစ်ချောင်မှ ပရိုင်းမိတ်မျိုးစုအသစ်၏ ရုပ်ကြွင်းများကို တွေ့ရှိ ခဲ့ရသည်။ မျိုးစုအသစ်ဖြစ်သောကြောင့် ဗဟင်းကျေးရွာကို အစွဲပြု၍ ဗဟင်းနီးယား (Jahinia) ဟု အမည်ပေးခဲ့သည်။ တွေ့ရှိချက်မှာရှေ့သွားနှင့် အံသွားများပါရှိသော အပေါ်မေးရိုးဘယ်ညာနှင့် ရှေ့အံသွားအမှတ် (၁) ပါရှိသော ညာဘက်အောက်မေးရိုးအပိုင်းအစတို့ ဖြစ်သည်။ ဤပရိုင်းမိတ် ရုပ်ကြွင်းသည် အဆင့်နိမ့် (Prosimian) အင်္ဂါရပ်များနှင့် အဆင့်မြင့် (Simian) လူတူပရိုင်းမိတ်အင်္ဂါရပ်များ ပေါင်းစပ်ပါဝင်နေသည်ကို တွေ့ရသည်။ ပရိုင်းမိတ်မျိုးစု အသစ်ကို ဗဟင်းနီးယားပုံတောင်ဂျဲန်းစစ် Jahinia Pondaungensis ဟု အမည်ပေးထားသည်။
၂၀၀၁ ခုနှစ်တွင် မြန်မာ – ဂျပန်အဖွဲ့ပါဝင်သော ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရှာဖွေရေးအဖွဲ့မှ မြိုင်မြို့နယ်၊ ပေါက်ခေါင်းကျစ်ချောင်မှ ဗဟင်းနီးယားပရိုင်းမိတ်၏ ညာဘက်အောက်မေးရိုးအပိုင်းအစနှင့် ဘယ်ဘက်အောက်မေးရိုးအပိုင်းအစကို တွေ့ရှိခဲ့သည်။
ယင်းနှစ်မှာပင် အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်က ပြုလုပ်ခဲ့သော လူတူပရိုင်းမိတ်နှင့် ပတ်သတ်သည့် အပြည်ပြည်ဆိုင်ရာ ညီလာခံ၌ မြန်မာနိုင်ငံ ပုံတောင်ဒေသမှတွေ့ ရှိခဲသော နှစ်သန်းပေါင်း (၄၉) သန်းမှ (၃၇.၇) သန်း အထိကာလအတွင်း သက်တမ်းရှိခဲ့သည်။
ဗဟင်းနီးယားပုံတောင်ဂျဲန်းစစ် Jahinia Pondaungensis ပရိုင်းမိတ်သည် ကမ္ဘာပေါ်တွေ့ရသော လူတူပရိုင်းမိတ်များအနက် ရှေးအကျဆုံး လူတူပရိုင်းမိတ်တွင် အပြည်စုံဆုံးဖြစ်ကြောင်း ကမ္ဘာအရပ်ရပ်တွင် ပညာရှင်များက လက်ခံအတည်ပြုကြသည်။
၂၀၀၂ ခုနှစ် နှင့် ၂၀၀၃ ခုနှစ်များတွင် ယခင်တွေ့ရှိနေကျ မေးရိုး၊ အံသွားအစိတ်ပိုင်းမျှသာမကတော့ပဲ ခြေမျက်စိရိုး၊ ခြေကျင်းဝတ်ရိုး ၊ခြေဆစ်ရိုး အစိတ်အပိုင်းများကိုပါ ထပ်မံတွေ့ရှိခဲ့သည်။
၂၀၀၈ ခုနှစ်တွင် မြိုင်မြို့နယ် ၊ပေါက်ကောင်းကျေး၇ွာ၏ အနောက်မြောက်ဘက် ပေါက်ကောင်းကျစ်ချောင် အမှတ် (၄) မှ ဗဟင်းနီးယား၏ သွားမပါ ညာဘက်အောက်မေးရိုးပိုင်းတခုကို ထမ်မံတွေရှိခဲ့သည်။
မြန်မာပီးသီးကပ် (Jyanmar Pithecus)
၁၉၉၈ ခုနှစ်တွင် မြန်မာ-ဂျပန်ပညာရှင်များအဖွဲ့မှ မြိုင်မြို့နယ်၊ ဗဟင်း ကျေးရွာအနီး ယာရှည်ကျစ်ချောင်မှ ပရိုင်းမိတ်မျိုးစုအသစ်၏ ရုပ်ကြွင်းကို တွေ့ရှိခဲ့ရသည်။ တွေ့ရှိချက်မှ ပရိုင်းမိတ်၏ အပေါ်အောက် မေးရိုးအပိုင်းအစများနှင့် သွားအချို့တို့ဖြစ်သည်။ အဆိုပါ ပရိုင်းမိတ်ရုပ်ကြွင်းအသစ်ကို မြန်မာနိုင်ငံကို ဂုဏ်ပြုသောအားဖြင့် မြန်မာပီသီးကပ်ယာရှည်နစ် Jyanmar Pithecus Yarshensis ဟု အမည်ပေးထားသည်။ အဆိုပါနှစ်မှာပင် မြန်မာ-ဂျပန်ပညာရှင်များအဖွဲ့နှင့် မြန်မာ -ပြင်သစ်ပညာရှင်များ အဖွဲ့တို့သည် မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီး၊ ပေါက်ခေါင်းကျစ်ချောင်တို့တွင် မြန်မာပီးသီးကပ် မျိုးစုအသစ်များကို (၃)ကြိမ်ထပ်မံ တွေ့ရှိခဲ့သည်။
ပုံတောင်ကျောက်လွှာစုနှင့် ပုံတောင်ပရိုင်းမိတ်တို့၏သက်တမ်း (Dating of Pondaung Primates)
ပုံတောင်ကျောက်လွှာစုသည် လွန်ခဲ့သောနှစ် (၃၇.၂) သန်းက ဖြစ်တည်ခဲ့သော ကျောက်လွှာစုဖြစ်ပြီး ပုံတောင်ဒေသမှ တွေ့ရှိရသော နို့တိုက်သတ္တ၀ါများ၏ ရုပ်ကြွင်းကို အာရှတိုက်မြောက်ပိုင်းဒေသတချို့မှ နို့တိုက်သတ္တ၀ါရုပ်ကြွင်းများနှင့် နှိုင်းယှဉ်စပ်ဆက် လေ့လာခြင်းအားဖြင့် Encene အလယ်နှောင်းပိုင်းကာလ သက်တမ်းတွင် အကျုံးဝင်ကြောင်း သိရပါသည်။ သို့ဖြစ်၍ ပုံတောင်ဒေသမှ ပရိုင်းမိတ်များ အပါအ၀င်အခြား သတ္တ၀ါ ရုပ်ကြွင်းများသည်လည်း လွန်ခဲ့သောနှစ်သန်း ၄၈ ခန့် (late jiddle eocene) ကြားတွင် အကျိုးဝင်သည်ဟု သတ်မှတ်ပါသည်။
ပုံတောင်ပရိုင်းမိတ်တို့၏ အနေအထား
လူသားမျိုးနွယ်တို့၏ ဆင့်ကဲဖြစ်စဉ်သည် လွန်ခဲ့သောနှစ်သန်း ၆၀ ခန့်က ပရိုင်းမိတ်တို့၏ ရှေ့ပြေးသတ္တ၀ါများ စတင်ပေါ်ပေါက်လာခဲ့သည်။ လွန်ခဲ့သော နှစ်သန်း (၄၀) ခန့်တွင် Eocene အလယ်ပိုင်းသက်တမ်း အချိန်ကပင် ပုံတောင်ပရိုင်းမိတ် (Pondaung Primates) များပေါ်ထွန်းခဲ့သည်။ လွန်ခဲ့သောနှစ် (၃) သန်းခန့်တွင် Oligocene သက်တမ်း အချိန်ခန့်တွင် အီဂျစ်နိုင်ငံ Fayun ဒေသမှ လူတူပရိုင်းမိတ်များအဖြစ် တိုးတက်ပြောင်းလဲ ပေါ်ပေါက်လာခဲ့သည်။ jiocene ကာလ လွန်ခဲ့သည့် နှစ်သန်း (၂၀) အချိန်ခန့်တွင် Fayun ခေါ် လူတူပရိုင်းမိတ်များအဖြစ် ထပ်ဆင့်ပြောင်းလဲ တိုးတက်လာခဲ့သည်။ လွန်ခဲ့သည့်နှစ် (၅) သန်းခန့် Pliocene ကာလက အချိန်တွင် Austrolopithecus ခေါ် အဆင့်မြင့် လူတူပရိုင်းမိတ် မျိုးနွယ်များအဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ Austrolopithecus မှ လွန်ခဲ့သောအနှစ် (၂) သန်းခွဲခန့်တွင် ဟိုမိုဟားဘီးလီစ် Homohabilis ပထမဦးဆုံးလူသားများ အဖြစ်သို့ပြောင်းလဲ ဖြစ်ပေါ်လာကြသည်။
အခြားနှိုင်းယှဉ်သောပရိုင်းမိတ်များ
Tsailekia Primates (Simian) (37) oef; (hpper jiddle eocene) Thailand
Siamopithecas Primates (Simian) (37)oef; (hpper jiddle eocene) Thailand
eosimias Primates (Simian) (40)oef; ( jiddle eocene) China
Fay un Primates (Simian) (37) – (33)oef; (hpper eocene) egypt
သူရ (ရှေးသု)
(မူရင်း ဖော်ပြသူ http://www.aomar.co.cc နှင့် http://www.ahuntphonemyat.co.cc တို့အား ညွှန်းဆို၍